ဒီ ရဲဘော်ပြည်သူတွေဟာ
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်မှမဟုတ်
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုကြောင့်မှမဟုတ်
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဖျားယောင်းသွေးဆောင်မှုကြောင့်မှမဟုတ်ပဲ
အိမ်မှာ ထမင်းကြမ်းခဲ ယပ်ခပ်ပြီး အေးအေးလူလူ ဘဝကို ဖြတ်သန်းကြတဲ့မိသားစု
ပညာတတ်မှ လူရာဝင်မယ်ဆိုပြီး ပညာာရေးကို တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ မိသားစု
မနက်ဖြန်ဆိုတာ လက်ဖက်ရည်ဆိုင်မှာ ဂိမ်းနှိပ်ဖို့ သူငယ်ချင်းလာပါ့မလားပဲ တွေးပူနေတဲ့သူတွေ
နေရာအသီးသီး၊ ဒေသအသီးသီးကနေ
ရည်ရွယ်ချက်ခိုင်ခိုင်မာမာတစ်ခုအတွက်နဲ့
ဒီနေရာမှာ စုပေါင်းဖြစ်ကြတာပါ။
ကျွန်တော်တို့အထဲက အများစုဟာ
ခေတ်သစ်မြန်မာနိုင်ငံဆိုတာတွေ
ဖက်ဒရယ်တွေ
ဒီမိုကရေစီတွေရဲ့အကြောင်း ဂဃနဏသိသူ ရှိချင်မှ ရှိပါလိမ့်မယ်။
ကျွန်တော်တို့သေသေချာချာသိထားတာက
တရားမှု နဲ့ မတရားမှု
အမှန် နဲ့ အမှား
ဒီအကြောင်းပြချက်နဲ့တင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ သံမဏိထက် ပိုမို ခိုင်မာနေကြတာပါ။
အခုအချိန်မှာ ကျွန်တော်တို့ရဲ့ မနက်ဖြန်တိုင်းဟာ
တရားမှုနဲ့ အမှန်တရားအတွက် ကျွန်တော်တို့ရဲ့လက်ညှိုးတွေ ထပ်ခါ ထပ်ခါကွေးမှ ဖြစ်ပါတော့မယ်။
မိဘပြည်သူများအားလုံးခံစားနေရတဲ့ မတရားမှုတွေ၊ အနိုင်ကျင့်ခံရမှုတွေ၊ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံနေရတာတွေအားလုံးအတွက်
ထိုဒုက္ခမျိုးစုံမှ အလုံးစုံလွတ်မြောက်နိုင်ရေးအတွက်
ကျွန်တော်တို့
ဒီနွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို အဆုံးအထိတိုက်ခိုက်သွားမှာပါ။
ဒီနွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို အမြန်ဆုံးအောင်မြင်အောင် ကြိုးစားနေကြတာပါ။
တရားသောစစ် နိုင်ပြီ။
အရေးတော်ပုံ အောင်ပြီ။
Comments
Post a Comment