"နောက်ဆုံးအကြိမ် သတိပေးတားမြစ်ခြင်း"

ကျွန်ုပ်တို့ People's Defence Force - South Monywa သည် 25-Dec-2022 ကတည်းက မဟာမိတ်အဖွဲ့အစည်း ၆ ဖွဲ့နှင့်ပူးပေါင်း၍ ယခုကဲ့သို့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ
အထူးသဖြင့် မုံရွာမြို့နယ်တောင်ပိုင်းရှိ (မြေနဲ၊ မင်းရွာ၊ ပုရစ်ကုန်းတောင်/မြောက်၊ ကူတောပလ္လင်၊ တောင်ပေါ်၊ နိဗ္ဗာန်ဝ၊ ဗန်ဇီ နှင့် မုံရွေးကြေးမုံ) ကျေးရွာများတွင် ကြက်ဝိုင်း၊ ဖဲဝိုင်း နှင့် ဂျင်ဝိုင်းများဖွင့်ကာ လောင်းကစားလုပ်ငန်းများ ပြုလုပ်နေကြဆဲဖြစ်သည်ဟု သတင်းအတိအကျရရှိထားပါသည်။

ထို လောင်းကစားလုပ်ငန်းများသည် စစ်ခွေး ရဲခွေးများနှင့် ချိတ်ဆက်ကာ လူငယ် လူရွယ်များ နိုင်ငံရေး/တော်လှန်ရေးစိတ်မဝင်စားစေရန် ရည်ရွယ်၍သော်၎င်း၊ စစ်ခွေး ရဲခွေးများအား ဆက်ကြေးပေး၍သော်၎င်း ဖွင့်လှစ်နေကြခြင်းဖြစ်သည်။

ထို့အပြင် ထိုလောင်းကစားလုပ်ငန်းများတွင် ကျွန်စောထီးများပါ ပါဝင်ပတ်သက်နေသည်။

သို့ဖြစ်ပါ၍ ထိုလောင်းကစားလုပ်ငန်းများကို ရပ်တန်းက ချက်ခြင်းရပ်ကြရန် "နောက်ဆုံးအနေဖြင့်" တားမြစ်ချက်ထုတ်ပြန်လိုက်သည်။

စစ်ခွေး ရဲခွေး နှင့် ကျွန်စောထီးများဖြင့် ပတ်သက်ဆက်နွှယ်မှု မပြုရန်၊ ထိုသူများဖြင့် ဝေးရာတွင် နေထိုင်ရန်လည်း တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ပါသည်။

ယခု တားမြစ်ချက်စာ ထုတ်ပြန်ချိန်မှစ၍ တော်လှန်ရေးအောင်မြင်သည့်အချိန်အထိ လောင်းကစားဝိုင်းများ ဆက်လက်ဖွင့်လှစ်လုပ်ကိုင်နေပါက
အထူးသဖြင့် စစ်ခွေး ရဲခွေးနှင့် ကျွန်စောထီးများ ပါဝင်နေသည်အချိန်ဖြစ်ပါက လောင်းကစားဝိုင်းအတွင်း၌ မည်သူရှိသည်ဖြစ်စေ ပစ်ခတ်တိုက်ခိုက်မှုများ၊ ဗုံးခွဲ/မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ပြုလုပ်တော့မည်ဖြစ်ပါကြောင်(စိတ်မကောင်းစွာဖြင့်) နောက်ဆုံးအကြိမ် အသိပေးပါရစေ။


"မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းစေရမည်"

#တရားသောစစ်_နိုင်ပြီ
#အရေးတော်ပုံ_အောင်ပြီ
#PDF_South_Monywa





Comments

Popular posts from this blog