"နောက်ဆုံးအကြိမ် သတိပေးတားမြစ်ခြင်း" ကျွန်ုပ်တို့ People's Defence Force - South Monywa သည် 25-Dec-2022 ကတည်းက မဟာမိတ်အဖွဲ့အစည်း ၆ ဖွဲ့နှင့်ပူးပေါင်း၍ ယခုကဲ့သို့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အထူးသဖြင့် မုံရွာမြို့နယ်တောင်ပိုင်းရှိ (မြေနဲ၊ မင်းရွာ၊ ပုရစ်ကုန်းတောင်/မြောက်၊ ကူတောပလ္လင်၊ တောင်ပေါ်၊ နိဗ္ဗာန်ဝ၊ ဗန်ဇီ နှင့် မုံရွေးကြေးမုံ) ကျေးရွာများတွင် ကြက်ဝိုင်း၊ ဖဲဝိုင်း နှင့် ဂျင်ဝိုင်းများဖွင့်ကာ လောင်းကစားလုပ်ငန်းများ ပြုလုပ်နေကြဆဲဖြစ်သည်ဟု သတင်းအတိအကျရရှိထားပါသည်။ ထို လောင်းကစားလုပ်ငန်းများသည် စစ်ခွေး ရဲခွေးများနှင့် ချိတ်ဆက်ကာ လူငယ် လူရွယ်များ နိုင်ငံရေး/တော်လှန်ရေးစိတ်မဝင်စားစေရန် ရည်ရွယ်၍သော်၎င်း၊ စစ်ခွေး ရဲခွေးများအား ဆက်ကြေးပေး၍သော်၎င်း ဖွင့်လှစ်နေကြခြင်းဖြစ်သည်။ ထို့အပြင် ထိုလောင်းကစားလုပ်ငန်းများတွင် ကျွန်စောထီးများပါ ပါဝင်ပတ်သက်နေသည်။ သို့ဖြစ်ပါ၍ ထို လောင်းကစားလုပ်ငန်းများကို ရပ်တန်းက ချက်ခြင်းရပ်ကြရန် "နောက်ဆုံးအနေဖြင့်" တားမြစ်ချက် ထုတ်ပြန်လိုက်သည်။ စစ်ခွေး ရဲခွေး နှင့် ကျွန်စောထီးများဖြင့် ပ...
Posts
- Get link
- X
- Other Apps
"မိဘပြည်သူများအား အသိပေး ကြေငြာခြင်း" People’s Defence Force - South Monywa ရဲ့ Facebook Page ကို Facebook Team မှ unpublished လုပ်လိုက်ပါပြီ။ Appeal Letter တင်ထားပေမယ့် ပြန်ရဖို့ မသေချာတော့တဲ့အတွက် ယခု People's Defence Force - South Monywa (V2) https://www.facebook.com/Peoples-Defence-Force-South-Monywa-V2-103221122281603 ကို Create လုပ်ထားပါတယ်။ ယခင် မူရင်း Page မှ Data များကို တတ်နိုင်သလောက် ပြန်ယူပြီး အချို့ကို ယခု Page အသစ် (V2) မှာ အလျင်းသင့်သလို ပြန်လည် တင်ပြပေးထားပါ့မယ်။ အန္တရာယ်မျိုးစုံနဲ့ အခက်အခဲမျိုးစုံကြားထဲက မရ ရအောင် ဖေါက်ထွက် ကြိုးစားခဲ့ကြလို့ ဒီနေရာ ဒီအခြေအနေအထိ ရောက်ရှိလာရတာပါ။ လွယ်လွယ်ကူကူ ရရှိ ရောက်ရှိလာတာ တစ်ခုမှ မပါခဲ့ မရှိခဲ့ပါဘူး။ အဓိကကတော့ မိဘပြည်သူများအားလုံးရဲ့ ကူညီ ဖေးမ ထောက်ပံ့ ထောက်ခံပေးမှုကြောင့်ပဲ ဖြစ်ပါတယ်။ ယခု Page အသစ် https://www.facebook.com/Peoples-Defence-Force-South-Monywa-V2-103221122281603 ကိုလည်း Share ပေးခြင်းဖြင့် ကူညီပေးကြစေချင်ပါတယ်။ ပြည်သူမှာ ပြည်သူတွေပဲ ရှိပါတယ်။ ကျွန်တော်တို့အားလုံး ညီညွတ်စည်းလုံးစွာဖြင့် တရားဥပဒေစိုးမ...
- Get link
- X
- Other Apps
မိဘပြည်သူများအား အသိပေး ကြေငြာခြင်း 25 Jan 2022 မနက် Mytel ရုံး Banker အတွင်း လက်လုပ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်း (စစ်ဆင်ရေးဆောင်ရွက်သောရဲဘော်မှ စစ်ခွေးဦးထုပ်အပေါ်သို့ လွင့်ထွက်သွားသည်ကို မြင်ရ - စစ်ခွေး နှစ်ကောင် ဆေးရုံတွင် သေ ဟုသိရ) (စစ်ခွေးများမှ သေနတ်ဖြင့် ကြောက်ရမ်းရမ်းပြီး ပစ်ခတ်) 27 Jan 2022 ညနေ လယ်ဇင်ကျေးရွာအတွင်း စစ်ခွေးများ ဝင်ရောက်အကြမ်းဖက်နေသဖြင့် တတ်နိုင်သည့်ဘက်မှ - မိုးညှင်း GTC ထဲသို့ လက်လုပ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့သည်။ ကျွန်ုပ်တို့ မဟာမိတ်အင်အားစုများနှင့် တော်လှန်ရေးရဲဘော်များအပါအဝင် ပြည်သူအပေါင်းအား ယခုကဲ့သို့ အကြမ်းဖက်ပါက (ယခင်ကရော ယခုရော နောက်နောင်တွင်ရော) တွေ့ရာနေရာ နီးရာနေရာဖြစ်သော စစ်ခွေး ရဲခွေး စခန်းနှင့် စုရပ်များ၊ စစ်ခွေး ရဲခွေးထောက်တိုင် အစုအဖွဲ့နှင့် စုရပ်များကို အမြန်ဆုံးပြန်လည်တိုက်ခိုက်သွားမည်။ 28 Jan 2022 မနက် မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ ချောင်းဦး-မုံရွာလမ်းပိုင်းတွင် ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက် စစ်ခွေး ၁၇ ကောင်သေ (ဟု သိရ၊ ထို့ထက်ပိုများနိုင်၊ ထိခိုက်ဒါဏ်ရာရရှိမှုများပြားနိုင်) (Ambulance နှစ်စီး တစ်ကြိမ်နှင့...
- Get link
- X
- Other Apps
မိဘပြည်သူများအား အသိပေး ကြေငြာခြင်း အောက်တိုဘာလအတွင်း ကျွန်ုပ်တို့ People's Defence Force - South Monywa ပြုလုပ်ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများအား စုစည်းဖေါ်ပြ အသိပေးခြင်း ဖြစ်ပါသည်။ "မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းစေရမည်" #တရားသောစစ်_နိုင်ပြီ #အရေးတော်ပုံ_အောင်ပြီ #PDF_South_Monywa
- Get link
- X
- Other Apps
စက်တင်ဘာလအတွင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ People's Defence Force - South Monywa ၏ စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး စစ်လက်နက်ပစ္စည်းများဝယ်ယူရန်အတွက် ရန်ပုံငွေများ ထည့်ဝင်ထောက်ပံ့ပေးကြသော မိဘပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ တရားသောစစ် နိုင်ပြီ။ အရေးတော်ပုံ အောင်ပြီ။