မိဘပြည်သူများအား အသိပေး ကြေငြာခြင်း

25 Jan 2022 မနက်
Mytel ရုံး Banker အတွင်း လက်လုပ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်း 
(စစ်ဆင်ရေးဆောင်ရွက်သောရဲဘော်မှ စစ်ခွေးဦးထုပ်အပေါ်သို့ လွင့်ထွက်သွားသည်ကို မြင်ရ - စစ်ခွေး နှစ်ကောင် ဆေးရုံတွင် သေဟုသိရ) (စစ်ခွေးများမှ သေနတ်ဖြင့် ကြောက်ရမ်းရမ်းပြီး ပစ်ခတ်)

27 Jan 2022 ညနေ
လယ်ဇင်ကျေးရွာအတွင်း စစ်ခွေးများ ဝင်ရောက်အကြမ်းဖက်နေသဖြင့် တတ်နိုင်သည့်ဘက်မှ - မိုးညှင်း GTC ထဲသို့ လက်လုပ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့သည်။ 
ကျွန်ုပ်တို့ မဟာမိတ်အင်အားစုများနှင့် တော်လှန်ရေးရဲဘော်များအပါအဝင် ပြည်သူအပေါင်းအား ယခုကဲ့သို့ အကြမ်းဖက်ပါက (ယခင်ကရော ယခုရော နောက်နောင်တွင်ရော) တွေ့ရာနေရာ နီးရာနေရာဖြစ်သော စစ်ခွေး ရဲခွေး စခန်းနှင့် စုရပ်များ၊ စစ်ခွေး ရဲခွေးထောက်တိုင် အစုအဖွဲ့နှင့် စုရပ်များကို အမြန်ဆုံးပြန်လည်တိုက်ခိုက်သွားမည်။

28 Jan 2022 မနက်
​မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ ချောင်းဦး-မုံရွာလမ်းပိုင်းတွင် ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်
စစ်ခွေး ၁၇ ကောင်သေ (ဟု သိရ၊ ထို့ထက်ပိုများနိုင်၊ ထိခိုက်ဒါဏ်ရာရရှိမှုများပြားနိုင်) 
(Ambulance နှစ်စီး တစ်ကြိမ်နှင့်  တစ်စီး တစ်ကြိမ် စစ်ခွေးအလောင်းများ လာကောက်)
မုံရွာ-မန္တလေးလမ်းမကြီးပေါ် သွားလာနေကြသော မော်တော်ကားများအားလုံး မှန်မချပဲမောင်းနှင်ခြင်း မြန်နှုန်းမြင့်မောင်းနှင်ခြင်းများကို တွေ့ရှိပါက (အထူးသဖြင့် ကျွန်ုပ်တို့ စစ်ဆင်ရေးပြုလုပ်နေသည့် အချိန်နှင့် တိုက်ဆိုင်လျှင်) စစ်ခွေး ရဲခွေး ကျွန်စောထီးများ အရပ်ဝတ်ဖြင့် အရပ်ကားများအသုံးပြုသည်ဟုသာယူဆပြီး ပစ်ခတ်တိုက်ခိုက်မှုများ မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်တော့မည်ဖြစ်ပါကြောင်း (စိတ်မကောင်းစွာဖြင့်) အသိပေးကြေငြာခဲ့ပြီးဖြစ်ပါသည်။

29 Jan 2022 
မုံရွာခရိုင်ရုံး Banker ကို လက်ပစ်ဗုံး တစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့


ကျွန်ုပ်တို့ဘက်မှ ထိခိုက်မှု လုံးဝ မရှိပါ။



"မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းစေရမည်"

#တရားသောစစ်_နိုင်ပြီ
#အရေးတော်ပုံ_အောင်ပြီ
#PDF_South_Monywa


Comments

Popular posts from this blog