"ပြည်သူ့ကာကွယ်ရေးတပ်မတော်"
တပ်မတော်သမိုင်းကြောင်း
မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို (၂၀၂၁) ခုနှစ်၊ မေလ (၅) ရက် မှစတင်၍ ကာကွယ်ရေးမူဝါဒနှင့်အညီ တရားဝင်ဖွဲ့စည်းထူထောင်ခဲ့သည်။
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားရယူသိမ်းပိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်၍ လူထုတိုက်ပွဲများပေါ်ပေါက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီမှ ပြင်းထန်စွာနှိမ်နင်းမှုများ ဖြစ်ပွားလာခဲ့ပါသည်။
သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် အကြမ်းဖက် စစ်တပ်ကို တရားဝင်စစ်တပ်အဖြစ် ဆက်လက်ထားရှိရန် မဖြစ်နိုင်တော့သဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်မည့် တပ်မတော်တစ်ရပ် လိုအပ်လာခြင်း စသည့်အခြေအနေများ ပေါ်မူတည်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ဖွဲ့စည်းထားရှိပါသည်။
Comments
Post a Comment