အရေးပေါ်ထုတ်ပြန်ကြေငြာချက်
ကြေငြာချက်အမှတ် (၁ / ၂၀၂၁)


ကျွန်ုပ်တို့ မုံရွာတောင်ရပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့သည် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်သူပုန်စစ်တပ်​၏ မတရားအာဏာသိမ်းမှုဖြစ်စဉ်မှစပ်လျဉ်း၍ မိမိနိုင်ငံနှင့်ပြည်သူလူထု​၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို သက်စွန့်ကျိုးပမ်း ကာကွယ်မှုပြုရန် စတင်တည်ထောင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။


ကျွန်ုပ်တို့ ညီနောင်ရဲဘော်များသည် နွေဦးတော်လှန်ရေးစတင်ဆင်နွဲရာမှ ယနေ့အချိန်အထိ မိမိတို့​၏ သံဓိဌာန်သစ္စာလေးချက်ကိုကိုင်စွဲ၍ အကြမ်းဖက်၊ လူသတ်၊ ဖက်ဆစ်သူပုန်စစ်တပ်အား မြေပေါ်၊ မြေအောက်နည်းမျိုးစုံဖြင့် ရရာလက်နက်ကိုင်စွဲပြီး ဆန့်ကျင်တော်လှန်ခဲ့ကြသည်။


ယခုအချိန်အခါတွင်လည်း ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)​ ၏ နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေကြေငြာချက်ကို အပြည့်ဝထောက်ခံပြီး အကြမ်းဖက်၊ လူသတ်၊ ဖက်ဆစ်သူပုန်စစ်တပ်အား အမြစ်ပြတ်အောင် ဆက်လက်ချေမှုန်းသွားမည်ဟု ထုတ်ပြန်ကြေငြာလိုက်ပါသည်။


တိုက်ပွဲပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နေရာစုံမှ အကြောင်းခြင်းရာမျိုးစုံဖြင့် ပြောက်ကျားစစ်ပွဲများ ဆင်နွဲထွက်ပေါ်လာမည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (NUG)​ ၏ Aug 29 ရက် နေ့စွဲပါ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်ထုတ်ပြန်ချက်ကို လိုက်နာကျင့်သုံးထားကြရန်နှင့် ကျွန်ုပ်တို့ PDF ပြောက်ကျားတပ်များ ခုခံစစ်ဆင်နွှဲစဉ် အထောက်ကူပြုရန်လိုအပ်လာပါက လမ်းတံတားများဖျက်စီးပိတ်ပင်ခြင်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်သွယ်ရေးကြိုးများဖြတ်တောက်ခြင်း၊ ဖက်ဆစ်သူပုန်စစ်တပ်အားသတင်းမှားများဖြန့်ဝေခြင်း၊ လမ်းမှားများညွှန်ပြခြင်း၊ ၎င်းတို့ရိက္ခာလက်နက်လာရာလမ်းကြောင်းများကို နှောင့်နှေးကြန့်ကြာစေခြင်းနှင့် ဖျက်စီးခြင်း စသည့် အချက်များအားကျွန်ုပ်တို့ ရဲဘော်များနှင့်တက်စွမ်းသမျှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော် အသိပေးအပ်ပါသည်။


ကျွန်ုပ်တို့ မုံရွာတောင်ရပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ရဲဘော်များသည်လည်း စည်းကမ်းကြီး (၃) ရပ် နှင့် သတိမူရန် (၈) ချက် အပါအဝင်၊ သံဓိဌာန်လေးရပ်တို့ကို အသက်နှင့်တမျှ ကိုင်စွဲ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။


တရားသောစစ် နိုင်ပြီ။

အရေးတော်ပုံ အောင်ပြီ။

သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး - ဒို့အရေး။



Comments

Popular posts from this blog