မအလ တို့ရဲ့ စကစ တပ်ဟာ တကယ်လေ့လာကြည့်ရင် ၂၀၀၈ လောက်ကတည်းကစပြီး စစ်တိုက်ပုံ တစ်မျိုးပဲရှိတယ်။ (၁) ဘယ်နေရာကို တိုက်တိုက် သာလွန်အင်အား နဲ့ တိုက်တယ်။ သာလွန်အင်အားနဲ့ တိုက်ဖို့ဆိုတာ ထုတ်နှုတ်အင်အား လိုတယ်။ အဲဒါကြောင့် မအလတပ်ဟာ တစ်နေရာကို တိုက်ရင် ကျန်တဲ့နေရာအားလုံးနဲ့ ငြိမ်းချမ်းရေး ဆိုပြီး လုပ်တယ်။ အဲဒီတော့ ပြောမယ်ဆို မအလတို့ဟာ EAO တွေ အစုံနဲ့ရော၊ နယ်မြေအစုံကိုရော တစ်ပြိုင်တည်း မတိုက်ဖူးဘူးရယ်။ အခုလည်း မအလတို့ဟာ မင်းတပ် ကနေ အခု ပင်လည်ဘူး ဘက်အထိ သူတို့ အထိနာတာနဲ့ သာလွန်အင်အားနဲ့ တိုက်တယ်။ အခု သူတို့အတွက်အရမ်းကျပ်တည်းလာတာက နေရာတိုင်းက သူ့အပူနဲ့သူဆိုတော့ ထုတ်နှုတ်အင်အား တောင်းရင် အချင်းချင်း မပေးကြတော့တာ။ မြန်မာပြည်အနှံ့ နေရာအများစုကြွလာရင် သာလွန်အင်အား ဆိုတဲ့ စကားလုံး သူတို့အတွက်ပျောက်သွားလိမ့်မယ်။ (၂) လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အလွန်အမင်း သုံးတယ်။ လေယာဥ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်တဲ့ အခါ အနီးအပါးမြို့/ရွာ တွေဟာ လိမ့်နေအောင်ခံရပါတယ်။ လူနေအိမ်တွေကို တမင်တကာကို ပစ်တဲ့အတွက် အပြစ်မဲ့ပြည်သူများစွာ သေဆုံးကြရသလို၊ အိုးအိမ်တွေလည်း ပျက်စီးကြရတယ်။...
Popular posts from this blog
အရေးပေါ်ထုတ်ပြန်ကြေငြာချက် ကြေငြာချက်အမှတ် (၁ / ၂၀၂၁) ကျွန်ုပ်တို့ မုံရွာတောင်ရပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့သည် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်သူပုန်စစ်တပ်၏ မတရားအာဏာသိမ်းမှုဖြစ်စဉ်မှစပ်လျဉ်း၍ မိမိနိုင်ငံနှင့်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို သက်စွန့်ကျိုးပမ်း ကာကွယ်မှုပြုရန် စတင်တည်ထောင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ညီနောင်ရဲဘော်များသည် နွေဦးတော်လှန်ရေးစတင်ဆင်နွဲရာမှ ယနေ့အချိန်အထိ မိမိတို့၏ သံဓိဌာန်သစ္စာလေးချက်ကိုကိုင်စွဲ၍ အကြမ်းဖက်၊ လူသတ်၊ ဖက်ဆစ်သူပုန်စစ်တပ်အား မြေပေါ်၊ မြေအောက်နည်းမျိုးစုံဖြင့် ရရာလက်နက်ကိုင်စွဲပြီး ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ယခုအချိန်အခါတွင်လည်း ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေကြေငြာချက်ကို အပြည့်ဝထောက်ခံပြီး အကြမ်းဖက်၊ လူသတ်၊ ဖက်ဆစ်သူပုန်စစ်တပ်အား အမြစ်ပြတ်အောင် ဆက်လက်ချေမှုန်းသွားမည်ဟု ထုတ်ပြန်ကြေငြာလိုက်ပါသည်။ တိုက်ပွဲပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နေရာစုံမှ အကြောင်းခြင်းရာမျိုးစုံဖြင့် ပြောက်ကျားစစ်ပွဲများ ဆင်နွဲထွက်ပေါ်လာမည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် လူသားချင်...
ဒီ ရဲဘော်ပြည်သူတွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်မှမဟုတ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုကြောင့်မှမဟုတ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဖျားယောင်းသွေးဆောင်မှုကြောင့်မှမဟုတ်ပဲ အိမ်မှာ ထမင်းကြမ်းခဲ ယပ်ခပ်ပြီး အေးအေးလူလူ ဘဝကို ဖြတ်သန်းကြတဲ့မိသားစု ပညာတတ်မှ လူရာဝင်မယ်ဆိုပြီး ပညာာရေးကို တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ မိသားစု မနက်ဖြန်ဆိုတာ လက်ဖက်ရည်ဆိုင်မှာ ဂိမ်းနှိပ်ဖို့ သူငယ်ချင်းလာပါ့မလားပဲ တွေးပူနေတဲ့သူတွေ နေရာအသီးသီး၊ ဒေသအသီးသီးကနေ ရည်ရွယ်ချက်ခိုင်ခိုင်မာမာတစ်ခုအတွက်နဲ့ ဒီနေရာမှာ စုပေါင်းဖြစ်ကြတာပါ။ ကျွန်တော်တို့အထဲက အများစုဟာ ခေတ်သစ်မြန်မာနိုင်ငံဆိုတာတွေ ဖက်ဒရယ်တွေ ဒီမိုကရေစီတွေရဲ့အကြောင်း ဂဃနဏသိသူ ရှိချင်မှ ရှိပါလိမ့်မယ်။ ကျွန်တော်တို့သေသေချာချာသိထားတာက တရားမှု နဲ့ မတရားမှု အမှန် နဲ့ အမှား ဒီအကြောင်းပြချက်နဲ့တင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ သံမဏိထက် ပိုမို ခိုင်မာနေကြတာပါ။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ မနက်ဖြန်တိုင်းဟာ တရားမှုနဲ့ အမှန်တရားအတွက် ကျွန်တော်တို့ရဲ့လက်ညှိုးတွေ ထပ်ခါ ထပ်ခါကွေးမှ ဖြစ်ပါတော့မယ်။ မိဘပြည်သူများအားလုံးခံစားနေရတဲ့ မတရားမှုတွေ၊ အနိုင်ကျင့်ခံရ...
Comments
Post a Comment