Posts

Showing posts from September, 2021
Image
 စက်တင်ဘာလအတွင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ People's Defence Force - South Monywa ၏ စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး စစ်လက်နက်ပစ္စည်းများဝယ်ယူရန်အတွက် ရန်ပုံငွေများ ထည့်ဝင်ထောက်ပံ့ပေးကြသော မိဘပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ တရားသောစစ် နိုင်ပြီ။ အရေးတော်ပုံ အောင်ပြီ။
Image
မအလ တို့ရဲ့ စကစ တပ်ဟာ တကယ်လေ့လာကြည့်ရင် ၂၀၀၈ လောက်ကတည်းကစပြီး စစ်တိုက်ပုံ တစ်မျိုးပဲရှိတယ်။  (၁) ဘယ်နေရာကို တိုက်တိုက် သာလွန်အင်အား နဲ့ တိုက်တယ်။  သာလွန်အင်အားနဲ့ တိုက်ဖို့ဆိုတာ ထုတ်နှုတ်အင်အား လိုတယ်။ အဲဒါကြောင့် မအလတပ်ဟာ တစ်နေရာကို တိုက်ရင် ကျန်တဲ့နေရာအားလုံးနဲ့ ငြိမ်းချမ်းရေး ဆိုပြီး လုပ်တယ်။  အဲဒီတော့ ပြောမယ်ဆို မအလတို့ဟာ EAO တွေ အစုံနဲ့ရော၊ နယ်မြေအစုံကိုရော တစ်ပြိုင်တည်း မတိုက်ဖူးဘူးရယ်။  အခုလည်း မအလတို့ဟာ မင်းတပ် ကနေ အခု ပင်လည်ဘူး ဘက်အထိ သူတို့ အထိနာတာနဲ့ သာလွန်အင်အားနဲ့ တိုက်တယ်။  အခု သူတို့အတွက်အရမ်းကျပ်တည်းလာတာက နေရာတိုင်းက သူ့အပူနဲ့သူဆိုတော့ ထုတ်နှုတ်အင်အား တောင်းရင် အချင်းချင်း မပေးကြတော့တာ။  မြန်မာပြည်အနှံ့ နေရာအများစုကြွလာရင် သာလွန်အင်အား ဆိုတဲ့ စကားလုံး သူတို့အတွက်ပျောက်သွားလိမ့်မယ်။  (၂) လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အလွန်အမင်း သုံးတယ်။  လေယာဥ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်တဲ့ အခါ အနီးအပါးမြို့/ရွာ တွေဟာ လိမ့်နေအောင်ခံရပါတယ်။ လူနေအိမ်တွေကို တမင်တကာကို ပစ်တဲ့အတွက် အပြစ်မဲ့ပြည်သူများစွာ သေဆုံးကြရသလို၊ အိုးအိမ်တွေလည်း ပျက်စီးကြရတယ်။...
Image
 မြေပြန့်လွင်ပြင်ဒေသပြောက်ကျားစစ် အဓိကပြောက်ကျားစစ်တည်နေရာ ၃ မျိုးရှိတယ်။ တောထူ၊ တောင်ထူတဲ့နေရာက အကောင်းဆုံး။ မြစ်ချောင်းအင်းအိုင်ပေါများတဲ့နေရာက ဒုတိယအကောင်းဆုံး။ မြေပြန့်လွင်ပြင်ဒေသက ၃ မျိုးအနက် အခွင့်သာချက်အနည်းဆုံး။ ဒါကိုမော်စီတုန်းကချပြတယ်။ ချေဂွေဗားရားလည်း သဘောတူတယ်။ မြေပြန့်လွင်ပြင်ဒေသ ************ စစ်ရေးအမြင်အရ မြေပြန့်လွင်ပြင်ဒေသဆိုတာ တော၊ တောင် အကာအကွယ်မရှိတဲ့နေရာ၊ မြစ်ချောင်းအင်းအိုင် ဒီရေတောတွေ မရှိတဲ့နေရာကို ဆိုလိုတယ်။ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေဟာ မြေပြန့်လွင်ပြင်အများဆုံး။ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းမှာလည်း မြေပြန့်လွင်ပြင်နေရာတချို့ရှိတယ်။ ဒီတကြိမ်တော်လှန်ရေးမှာ အဲဒီနေရာတွေ ကျန်ရစ်နေလို့မဖြစ်ဘူး။ အထူးသဖြင့် ပွဲသိမ်းကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို အသင့်ကြိုဆိုနေမယ့် နယ်ခံပြောက်ကျားတွေ အဲသလိုနေရာတွေမှာ ရှိနေဖို့လိုတယ်။ တောင်တန်းဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးကို ကျနော်တို့ နှစ်ပေါင်းများစွာဆင်နွှဲခဲ့ကြပြီးပြီ။ စစ်အာဏာရှင်စနစ်ကို အငုတ်ပါမကျန် အမြစ်လှန်သုတ်သင်ရေးအတွက် တောင်တန်းဒေသတော်လှန်ရေးနဲ့ မလုံလောက်ကြောင်းလည်း တွေ့ခဲ့ကြပြီးပြီ။ မြေပြန့်ပြောက်ကျား...
Image
 မိဘပြည်သူများအား အသိပေးခြင်း ကျွန်ုပ်တို့ မုံရွာတောင်ရပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့သည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ စစ်အာဏာရှင်စနစ်နိဂုံးချုပ်စေရန်အတွက် တိုက်ပွဲပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နေရာဒေသအသီးသီးသို့ လူအင်အားများစေလွှတ်တိုက်ပွဲဝင်စေခြင်း၊ စစ်လက်နက်ပစ္စည်းကိရိယာများ ကူညီထောက်ပံ့ပေးခြင်းများအပြင် အကြမ်းဖက်သူပုန်စစ်တပ်ကို ရရာနည်းဖြင့် အနှောင့်အယှက်ပေးပြီး တိုက်ခိုက်နေခဲ့ကြပါသည်။ ကျွန်ုပ်တို့ မုံရွာတောင်ရပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့၏ လတ်တလောပြုလုပ်ဆောင်ရွက်ခဲ့သော ကိစ္စရပ်များထဲမှ မုံရွာမြို့အတွင်း မိုင်းများထောင်ပြီး ဖောက်ခွဲမှုများအကြိမ်ကြိမ်ပြုလုပ်ကာ အကြမ်းဖက်သူပုန်စစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းများအား မိဘပြည်သူများကို အောက်ပါအတိုင်း အသိပေးအစီရင်ခံအပ်ပါသည်။ 29 - Aug မုံရွာ ထောင်ကြီးကွင်းထဲ (စစ်ခွေး သုံးကောင် သေ) 31 - Aug မုံရွာ ဆည်မြောင်းအနီး 4 - Sep မုံရွာ ဆည်မြောင်းအနီး - ၂ လုံး (စစ်ခွေး တစ်ကောင် သေ) မုံရွာ မိုးကောင်းဘုရားအနီး - ၁ လုံး မုံရွာ ဗဟိုစီးပွားရေးဘဏ်အနီး - ၁ လုံး မုံရွာ ဘိုးဘွားရိပ်သာအနီး - ၁ လုံး မုံရွာ ကားလေးကွင်း မီးပွိုင့် - ၁ လုံး တရားသောစစ် နိုင်ပြီ။ အ...
Image
 အရေးပေါ်ထုတ်ပြန်ကြေငြာချက် ကြေငြာချက်အမှတ် (၁ / ၂၀၂၁) ကျွန်ုပ်တို့ မုံရွာတောင်ရပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့သည် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်သူပုန်စစ်တပ်​၏ မတရားအာဏာသိမ်းမှုဖြစ်စဉ်မှစပ်လျဉ်း၍ မိမိနိုင်ငံနှင့်ပြည်သူလူထု​၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို သက်စွန့်ကျိုးပမ်း ကာကွယ်မှုပြုရန် စတင်တည်ထောင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ညီနောင်ရဲဘော်များသည် နွေဦးတော်လှန်ရေးစတင်ဆင်နွဲရာမှ ယနေ့အချိန်အထိ မိမိတို့​၏ သံဓိဌာန်သစ္စာလေးချက်ကိုကိုင်စွဲ၍ အကြမ်းဖက်၊ လူသတ်၊ ဖက်ဆစ်သူပုန်စစ်တပ်အား မြေပေါ်၊ မြေအောက်နည်းမျိုးစုံဖြင့် ရရာလက်နက်ကိုင်စွဲပြီး ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ယခုအချိန်အခါတွင်လည်း ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)​ ၏ နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေအနေကြေငြာချက်ကို အပြည့်ဝထောက်ခံပြီး အကြမ်းဖက်၊ လူသတ်၊ ဖက်ဆစ်သူပုန်စစ်တပ်အား အမြစ်ပြတ်အောင် ဆက်လက်ချေမှုန်းသွားမည်ဟု ထုတ်ပြန်ကြေငြာလိုက်ပါသည်။ တိုက်ပွဲပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နေရာစုံမှ အကြောင်းခြင်းရာမျိုးစုံဖြင့် ပြောက်ကျားစစ်ပွဲများ ဆင်နွဲထွက်ပေါ်လာမည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် လူသားချင်...
Image
ဒီ ရဲဘော်ပြည်သူတွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်မှမဟုတ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုကြောင့်မှမဟုတ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဖျားယောင်းသွေးဆောင်မှုကြောင့်မှမဟုတ်ပဲ အိမ်မှာ ထမင်းကြမ်းခဲ ယပ်ခပ်ပြီး အေးအေးလူလူ ဘဝကို ဖြတ်သန်းကြတဲ့မိသားစု ပညာတတ်မှ လူရာဝင်မယ်ဆိုပြီး ပညာာရေးကို တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ မိသားစု မနက်ဖြန်ဆိုတာ လက်ဖက်ရည်ဆိုင်မှာ ဂိမ်းနှိပ်ဖို့ သူငယ်ချင်းလာပါ့မလားပဲ တွေးပူနေတဲ့သူတွေ နေရာအသီးသီး၊ ဒေသအသီးသီးကနေ ရည်ရွယ်ချက်ခိုင်ခိုင်မာမာတစ်ခုအတွက်နဲ့ ဒီနေရာမှာ စုပေါင်းဖြစ်ကြတာပါ။ ကျွန်တော်တို့အထဲက အများစုဟာ  ခေတ်သစ်မြန်မာနိုင်ငံဆိုတာတွေ ဖက်ဒရယ်တွေ ဒီမိုကရေစီတွေရဲ့အကြောင်း ဂဃနဏသိသူ ရှိချင်မှ ရှိပါလိမ့်မယ်။ ကျွန်တော်တို့သေသေချာချာသိထားတာက တရားမှု နဲ့ မတရားမှု အမှန် နဲ့ အမှား ဒီအကြောင်းပြချက်နဲ့တင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ သံမဏိထက် ပိုမို ခိုင်မာနေကြတာပါ။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ မနက်ဖြန်တိုင်းဟာ တရားမှုနဲ့ အမှန်တရားအတွက် ကျွန်တော်တို့ရဲ့လက်ညှိုးတွေ ထပ်ခါ ထပ်ခါကွေးမှ ဖြစ်ပါတော့မယ်။ မိဘပြည်သူများအားလုံးခံစားနေရတဲ့ မတရားမှုတွေ၊ အနိုင်ကျင့်ခံရ...
Image
  "ပြည်သူ့ကာကွယ်ရေးတပ်မတော်" တပ်မတော်သမိုင်းကြောင်း မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို (၂၀၂၁) ခုနှစ်၊ မေလ (၅) ရက် မှစတင်၍ ကာကွယ်ရေးမူဝါဒနှင့်အညီ တရားဝင်ဖွဲ့စည်းထူထောင်ခဲ့သည်။ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားရယူသိမ်းပိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်၍ လူထုတိုက်ပွဲများပေါ်ပေါက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီမှ ပြင်းထန်စွာနှိမ်နင်းမှုများ ဖြစ်ပွားလာခဲ့ပါသည်။  သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် အကြမ်းဖက် စစ်တပ်ကို တရားဝင်စစ်တပ်အဖြစ် ဆက်လက်ထားရှိရန် မဖြစ်နိုင်တော့သဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်မည့် တပ်မတော်တစ်ရပ် လိုအပ်လာခြင်း စသည့်အခြေအနေများ ပေါ်မူတည်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ဖွဲ့စည်းထားရှိပါသည်။
Image
  ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ (၁) ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ် အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနှစ်ဆယ်ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်အား ချုပ်ငြိမ်းရေး။ (၂) ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး။ (၃) ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးအတွက် ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေး။
Image
သစ္စာအဓိဋ္ဌာန် (၄) ချက် ၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်။ ၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်။ ၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။ ၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။